အဖွင့်နိဒါန်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် တည်ရှိပြီး ‌မြောက်ဘက်နှင့် အရှေ့ မြောက်ဘက် တွင် တရုတ်နိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် အန်ဒါမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာ ရှိပြီး သစ်တောဖုံး ဧရိယာမှာ ၃၄၄၂၃၇ စတုရန်း ကီလိုမီတာ၊ အသားတင် စိုက်ပျိုးမြေဧရိယာ ၁၄၇၇၂၈၀၃ ဟက်တာ၊ နှစ်သီးစား သုံးသီးစား အပါအဝင် စိုက်ပျိုးမြေဧရိယာ ၁၅၄၄၉၈၅၀ ဟက်တာ နှင့် ကမ်းရိုးတန်းအရှည် ၂၇၇၆ ကီလိုမီတာ ရှိပါသည်။

more>

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးအား Video Conferencing စနစ်ဖြင့် လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်    မေ   ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ပိုက်ပိုက်အေး အား ယနေ့ ၁၁:၀၀ အချိန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

Myanmar

“တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” Covid-19 ကာလ ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်    မေ ၁၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” Covid-19 ကာလ ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို မေလ ၁၃ ရက် နံနက် ၀၉:၀၀ နာရီတွင် Video Conferencing ပုံစံဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

Myanmar

ကြေညာချက်

နေပြည်တော်    မေ  ၁၁

၁။      ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်ဆိုင်ရာအမှုများ၊ တရားမဆိုင်ရာ အမှုများနှင့် စာချွန်တော်အမှုများကို ဇွန်လ (၁) ရက်နေ့မှစ၍ ကြားနာမည့်နေ့ရက်အလိုက် အမှုများစာရင်းအား ကြေညာအပ်ပါသည်။

၂။       တရားရုံးများ၌ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ‌ ဆောင်ရွက်ရမည်ဖြစ်ပါသည်-

Myanmar

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာအုပ် ထုတ်ပြန်ခြင်း

နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ်တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်ကို  (အင်္ဂလိပ် +မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Myanmar

လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေများ ထုတ်ပြန်

နေပြည်တော် ဧပြီ ၂၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လူမွဲခံယူခြင်းဆိုင်ရာဥပဒေ (၂၀၂၀) ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ယင်းဥပဒေပုဒ်မ ၄၁၆ (က) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေများကို ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ နည်းဥပဒေများတွင် အပိုင်း ၁၀ ပိုင်း ပါဝင်ပြီး၊ နောက်ဆက်တွဲဇယားများဖြင့် လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူ၏အခကြေးငွေ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် အသုံးပြုရမည့်ပုံစံများ ပါဝင်သည်။

Myanmar

တရားရုံးများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုစီရင်ချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တရားရုံးများ၏ တရားမမှုများ ပြီးပြတ်နှုန်းနှင့် တရားမမှုများ၏ ပျှမ်းမျှကြန့်ကြာကာလ နှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်

နေပြည်တော်  ဧပြီ  ၂၁

Myanmar

ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုံညီခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်  မတ်    ၂၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု (၅) မှုကို  ရုံးထိုင်ကြားနာခဲ့ကြပါသည်။

Myanmar

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မြန်မာရုံး၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  မတ် ၁၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မြန်မာရုံး၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့် အဖွဲ့အား ယနေ့ နေ့လည် ၂:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

         

Myanmar

Pages

သတင်းများ

နေပြည်တော်    မေ   ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ပိုက်ပိုက်အေး အား ယနေ့ ၁၁:၀၀ အချိန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့်...

Read More

နေပြည်တော်    မေ ၁၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” Covid-19 ကာလ ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို မေလ ၁၃ ရက် နံနက် ၀၉:၀၀ နာရီတွင် Video Conferencing ပုံစံဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး...

Read More

Pages

Subscribe to The Supreme Court of the Union RSS